ကိုယ့်ဆီကို ဆင်းကပ်လဲ ထည့်ထားတယ် ဒါပေမယ့်
No Sim ပဲဖြစ်နေတဲ့ ဖုန်းတစ်လုံးရောက်လာပြီဗျာ။ဘယ်ကနေ စစစ်မလဲပေါ့။
ယခု အယူအဆ အားလုံးသည် ကျွန်တော် ဖုန်းပြင်နေ
သည့်နည်းဖြစ်သည့်အတွက် အမှားအယွင်း တစ်စုံတစ်ရာ ပါလာခဲ့ပါက ကျွန်တော့်အမှားအယွင်းသာ ဖြစ်ပါသည်။
ပထမဆုံး software ပိုင်းလေးနဲ့စကြည့်ရအောင်
*#06#လေးနှိပ်ပီးimei ရှိမရှိစစ်ကြည့်ပါ။imei မရှိခြင်း၊null ခြင်း၊invilid ဖြစ်ခြင်းကြောင့်လဲ no simဖြစ်နိုင်ပါသည်။samsung များတွင် faith imei 0049 နှင့်စခြင်း၊*#1234#နှင့်စစ်လျှင် ap,cp,csc တစ်ခုခု unknown ဖြစ်ခြင်းကြောင့်လဲ no sim error ဖြစ်နိုင်သည်။အဲ့တာဆိုရင်တော့ soft ပေါ့။
HARDWARE ပိုင်းအရတော့
730 u00 ရဲ့ sim လေးနဲ့ နမူနာ ပြထားပေးပါတယ်။
6 pim sim အမျိုးအစားတွင်
1။ GROUND
2။VSIM
3။SIM RESET
4။SIM CLOCK
5။SIM DATA SIO
6။NC (no connection)
ဆိုပြီး ၆ ပင်တွေ့ရမှာဖြစ်ပါတယ်။
ပထမဆုံး ရှာရမည့်ပင်သည် GROUND ဖြစ်ပါတယ်။
GROUND နှင့်မျက်နှာချင်းဆိုင်တွင် VSIM ပင်ဖြစ်ပီး SIM CARD ထည့်ထားလျှင် 2.8 v တွေ့ရှိရမည့် ပင်ဖြစ်သည်။
သူ့အောက်တွင် SIM RESET,SIM CLK ဆိုပီး အစဉ်လိုက်တွေ့ရမည် ဖြစ်သည်။
GROUND အောက်ကပ်ရက်တွင် NC,SIO (DATA)တို့ကို မစဉ်လိုက်တွေ့ရှိရမည်။
NO SIM error များတွင် အဖြစ်အများဆုံး error မှာ vsim 2.8 ပျောက်ပြီး sim မဖတ်သည့် error သည် အဖြစ်အများဆုံးဖြစ်သည်။vsim volt သည် စက်နိုးချိန်တွင် ခဏထွက်လာပြီး sim မထည့်ထားလျှင် ပြန်ပျောက်သွားပြီး Sim card ထည့်ထားမှသာလျှင် vsim volt သည် တွေ့ရှိရမည် ဖြစ်သည်။vsim ဘာ့ကြောင့်ပျောက်သွားနိုင်သနည်း။vsim ပတ်လမ်းပြတ်ခြင်း၊vsim လမ်းကြောင်းပေါ်က failter C လျှော့ကျခြင်း၊pmu မကောင်းခြင်း ခဲချက် မမိခြင်း၊sim မရှိဟု cpu က သိနေခြင်း (srst,sclk,sio လမ်းကြောင်းများသည် ပါဝါအိုင်စီမှ တစ်ဆင့် cpu ၏ GPIO INTERFACE လမ်းကြောင်း
နှင့် ချိတ်ဆက်ထားသဖြင့် ထိုလမ်းကြောင်းထဲမှ တစ်
ကြောင်းကြောင်း ချွတ်ယွင်းသွားခဲ့ရင်လဲ vsim volt ပျောက်သွားမည် ဖြစ်သည်။
Vsim မထွက်လျှင် ဘယ်လိုရှင်းမလဲ
1။ vsim volt ကို ကျော်ထည့်ပေးကြည့်ပါ။
2။မရက pmu reball or replace လုပ်ကြည့်ပါ။ ကျန်လမ်း
ကြောင်းများ srst,sclk,sio လမ်းကြောင်းများသည် pmu 6323,cpu 6582 တို့နှင့် ချိတ်ဆက်ထားပေသည်။
ဆင်းကဒ်ပင်တွင် ရှိနေရမည့် ခုခံမှု၊ cpu ကောင်းနေလျှင် တွေ့ရမည့် pmu အောက်မှ ခုခံမှု လေးများကို တိုင်းထားပေးပါသည်။အဆက်အသွယ်ရှိရမည့် componentလေးများကိုလဲ ပြပေးထားပါသည်။ယခု ပုံမှာ huawei 730 u00 ရဲ့ sim 1
ဖြစ်ပါသည်။
Sim card အထိုင်တွင် တွေ့ရမည့် resistant တန်ဘိုးများတိုင်းပါ။မရှိလျှင် အဆက်အသွယ် ရှိရမည့် component လေးများနှင့် အဆက်အသွယ် ရှိမရှိ တိုင်းပါ။အဆက်အသွယ် မရှိနေလျှင် ဆက်ပေးပါ။ အဆက်အသွယ် ရှိနေပြီး ပျောက်နေသေးလျှင် pmu 6323 လဲပါ။
6323 အောက်ရှိ ကာလာ လေးထောင့်ကွက် ၃လိုင်း
SIM SRST
SIM SCLK
SIM SIO လမ်းကြောင်းများတွင် တန်ဘိုးများကွာခြင်း၊ပျောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပါက CPU 6582 reball or replace ပြုလုပ်ရမည် ဖြစ်သည်။
ကဲကဲNO SIM ERROR များမှ ကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။
#credit ကိုမျိုး
ကံ့ကော် SERVICE & ONJOB TRAINING

MTK တွေရဲ့ 6pim sim လေးနဲ့ No sim error လေးတွေ လိုက်ကြည့်ရအောင်ဗျာ။
Reviewed by Unknown
on
12:54 PM
Rating:
No comments: