ADS

ADS

သင့်ကွန်ပျူတာကို ပေါ့ပါးလာအောင် ဘယ်လိုလုပ်မလဲ?

လုပ်ငန်းခွင်မှာ နေစဉ် ကွန်ပျူတာအသုံးပြုနေရသူများအတွက် ရည်ရွယ်ပါတယ်။ သင်အခုလက်ရှိသုံးနေတဲ့ ကွန်ပျူတာက လေးလာတယ်လို့ ခံစားမိတယ်ဆိုရင် အခုဖော်ပြထားတဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးပါ။ အရင်ကထက်ပိုပြီး စက်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်  ။
၁) Win+R ကို နှိပ်ပါ။ ပေါ်လာတဲ့ box ထဲကို cleanmgr ဆိုတဲ့စာသားကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ Disk Cleanup : Drive Selection ဆိုတဲ့ box ပေါ်လာရင် C ကို ရွေးပြီး enter ခေါက်ပါ။ Disk Cleanup for C ဆိုတဲ့ box ပေါ်လာရင် select မှတ်ဖို့ ပေးထားတဲ့နေရာတွေကို အကုန်အမှန်ခြစ်ပြီး Ok ကိုနှိပ်ပြီး Delete Files ဆိုတာကိုပါ ထပ်နှိပ်လိုက်ပြီး မလိုအပ်တဲ့ဖိုင်တွေကို ဖျက်ပစ်ပါ။
၂) Win+R ကို နှိပ်ပြီး temp ဆိုပြီး ရိုက်ထည့်ပြီး ပေါ်လာတဲ့ folder ထဲကဖိုင်တွေကို all select မှတ်ပြီး Shift+Del တွဲနှိပ်ပြီး အပြီးဖျက်ပစ်ပါ။ temp ကိုဖျက်ပြီးရင် %temp%, prefetch ဆိုတဲ့စာသားတွေကိုပါ တစ်ခုချင်းရိုက်ထည့်ပြီး ပေါ်လာတဲ့ folder ထဲက file များကိုဖျက်ပစ်ပါ။ ဖျက်ပစ်မရသော file များကို skip လုပ်သွားပေးပါ။
၃) Desktop ပေါ်မှာ file တွေကို မတင်ထားပါနဲ့။ Data(D) ထဲကို ရွေ့ပေးထားပါ။
၎) သင့်စက်တွင် Anti-virus software ရှိပါက အနည်းဆုံး တစ်ပတ်တစ်ခါခန့် update လုပ်ပေးပြီး scan ဖတ်ပေးပါ။
အထက်ပါအချက်တွေကို နေ့စဉ်လုပ်ဆောင်ပေးခြင်းဖြင့် သင့်စက်ကို အရင်ကထက် ပိုမိုပေါ့ပါး မြန်ဆန်စေလာပါလိမ့်မယ်။ အဆင်မပြေသည်များ ထပ်မံသိရှိလိုသည်များကို comment box မှာ မေးမြန်းခဲ့နိုင်ပါတယ်။
#ZayarLinHtet
#StartIctServicesTeam


သင့်ကွန်ပျူတာကို ပေါ့ပါးလာအောင် ဘယ်လိုလုပ်မလဲ? သင့်ကွန်ပျူတာကို ပေါ့ပါးလာအောင် ဘယ်လိုလုပ်မလဲ? Reviewed by Unknown on 10:01 PM Rating: 5

No comments:

ADS

Powered by Blogger.