ADS

ADS

Windows 8 Lock Screenကို Disable လုပ်ချင်တယ်ဆိုရင်

Windows 8 Built inပါတဲ့ Lock Screenကို အသုံးပြု ရတာ မကြိုက် လို့ ဖြုတ်ချင် တယ် ဆိုရင် အသုံးပြုနည်း နှစ်မျိုး ပြောပြချင် ပါတယ်။ ပထမ တစ်နည်း ကတော့ Local Group Policy Editor ထဲက သွားပြင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်း ကတော့ Local Group Policyထဲကို မသွားတော့ Notepad ကနေ Registryကို ပြင်ဆင် တဲ့နည်းပဲ ဖြစ်ပါ တယ်။ အရင်ဆုံး Local Group Policy Editor ထဲကနေ သွားပြင် ကြည့် ရအောင်။
ပထမနည်း
1။ Run Boxမှာ Gpedit.mscလို့ ရိုက်ထည့်ပြီး Enter နှိပ် လိုက်ပါ။
2။ Local Group Policy Editor ကျလာရင် Computer Configurationအောက်က Administrative Tamplate ကို သွားပါ။
3။ ပြီးရင် Control Panel အောက်က Personalization ထဲကို ဝင်လိုက်ပါ။ ပြီးရင်Do not Display the Lock Screen ဆိုတာကို Double Click နှိပ်ပြီး ပေါ်လာတဲ့ Boxထဲမှာ Enableကို ရွေးပြီး Apply Okကို နှိပ်လိုက် ရင် ရပါပြီ။
နောက်တစ်နည်း
ဒီနည်းကတော့ Notepadနဲ့ Registry File တစ်ခု တည်ဆောက်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။
1. အရင်ဆုံး Notepadကို ဖွင့်ပါ။ Notepadကို ဖွင့်ဖို့အတွက် Runမှာ Notepadလို့ ရိုက်ရင် ရပါတယ်။
2. Notepadကို ဖွင့်ပြီးရင် အောက်ကစာတွေကို ကူးရေးလိုက်ပါ။
Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\ SOFTWARE\ Policies\ Microsoft\ Windows\ Personalization]
"NoLockScreen"= dword:00000000
3. စာတွေ ကူးရေးပြီး File Saveမယ်ဆိုရင် Save Nameကို ကြိုက်ရာပေးပြီး Save Nameရဲ့ နောက်မှာ .reg ထည့်ပေးလိုက်ပါ။
(ဥပမာ) Disable Lock Screen.regဆိုပြီး Save လိုက်ပါ။ အားလုံး ပြီးပြီဆိုရင် ရလာတဲ့ Registry Fileကို Run ပေးလိုက်ပါ။ Registry Boxလေး ပေါ်လာရင် Yesကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် Lock Screen ပျောက်သွားပါလိမ့်မယ်။
Posted by drmyochit
Myanmar ICT


Windows 8 Lock Screenကို Disable လုပ်ချင်တယ်ဆိုရင် Windows 8 Lock Screenကို Disable လုပ်ချင်တယ်ဆိုရင် Reviewed by Unknown on 9:59 PM Rating: 5

No comments:

ADS

Powered by Blogger.