ADS

ADS

MTK ​တွေရဲ့ 6pim sim ​လေးနဲ့ No sim error ​လေး​တွေ လိုက်​ကြည့်​ရ​အောင်​ဗျာ။

ကိုယ့်​ဆီကို ဆင်းကပ်​လဲ ထည့်​ထားတယ်​ ဒါ​ပေမယ့်
No Sim ပဲဖြစ်​​နေတဲ့ ဖုန်းတစ်​လုံး​ရောက်​လာပြီဗျာ။ဘယ်​က​နေ စစစ်​မလဲ​ပေါ့။
ယခု အယူအဆ အားလုံးသည်​ ကျွန်​​တော်​ ဖုန်းပြင်​​နေ
သည့်​နည်းဖြစ်​သည့်​အတွက်​ အမှားအယွင်း တစ်​စုံတစ်​ရာ ပါလာခဲ့ပါက ကျွန်​​တော့်​အမှားအယွင်းသာ ဖြစ်​ပါသည်​။
ပထမဆုံး software ပိုင်း​လေးနဲ့စကြည့်​ရ​အောင်
*#06#​လေးနှိပ်​ပီးimei ရှိမရှိစစ်​ကြည့်​ပါ။imei မရှိခြင်း၊null ခြင်း၊invilid ဖြစ်​ခြင်း​ကြောင့်​လဲ no simဖြစ်​နိုင်​ပါသည်​။samsung များတွင်​ faith imei 0049 နှင့်​စခြင်း၊*#1234#နှင့်​စစ်​လျှင်​ ap,cp,csc တစ်​ခုခု unknown ဖြစ်​ခြင်း​ကြောင့်​လဲ no sim error ဖြစ်​နိုင်​သည်​။အဲ့တာဆိုရင်​​တော့ soft ​ပေါ့။
HARDWARE ပိုင်းအရ​တော့
730 u00 ရဲ့ sim ​လေးနဲ့ နမူနာ ပြထား​ပေးပါတယ်​။
6 pim sim အမျိုးအစားတွင်
1။ GROUND
2။VSIM
3။SIM RESET
4။SIM CLOCK
5။SIM DATA SIO
6။NC (no connection)
ဆိုပြီး ၆ ပင်​​တွေ့ရမှာဖြစ်​ပါတယ်​။
ပထမဆုံး ရှာရမည့်​ပင်​သည်​ GROUND ဖြစ်​ပါတယ်​။
GROUND နှင့်​မျက်​နှာချင်းဆိုင်​တွင်​ VSIM ပင်​ဖြစ်​ပီး SIM CARD ထည့်​ထားလျှင်​ 2.8 v ​တွေ့ရှိရမည့်​ ပင်​ဖြစ်​သည်​။
သူ့​အောက်​တွင်​ SIM RESET,SIM CLK ဆိုပီး အစဉ်​လိုက်​​တွေ့ရမည်​ ဖြစ်​သည်​။
GROUND ​အောက်​ကပ်​ရက်​တွင်​ NC,SIO (DATA)တို့ကို မစဉ်​လိုက်​​တွေ့ရှိရမည်​။
NO SIM error များတွင်​ အဖြစ်​အများဆုံး error မှာ vsim 2.8 ​ပျောက်​ပြီး sim မဖတ်​သည့်​ error သည်​ အဖြစ်​အများဆုံးဖြစ်​သည်​။vsim volt သည်​ စက်​နိုးချိန်​တွင်​ ခဏထွက်​လာပြီး sim မထည့်​ထားလျှင်​ ပြန်​​ပျောက်​သွားပြီး Sim card ထည့်​ထားမှသာလျှင်​ vsim volt သည်​ ​တွေ့ရှိရမည်​ ဖြစ်​သည်​။vsim ဘာ့​ကြောင့်​​ပျောက်​သွားနိုင်​သနည်း။vsim ပတ်​လမ်းပြတ်​ခြင်း၊vsim လမ်း​ကြောင်း​ပေါ်က failter C ​လျှော့ကျခြင်း၊pmu မ​ကောင်းခြင်း ခဲချက်​ မမိခြင်း၊sim မရှိဟု cpu က သိ​နေခြင်း (srst,sclk,sio လမ်း​ကြောင်းများသည်​ ပါဝါအိုင်​စီမှ တစ်​ဆင့်​ cpu ၏ GPIO INTERFACE လမ်း​ကြောင်း
နှင့်​ ချိတ်​ဆက်​ထားသဖြင့်​ ထိုလမ်း​ကြောင်းထဲမှ တစ်
ကြောင်း​ကြောင်း ချွတ်​ယွင်းသွားခဲ့ရင်​လဲ vsim volt ​ပျောက်​သွားမည်​ ဖြစ်​သည်​။
Vsim မထွက်​လျှင်​ ဘယ်​လိုရှင်းမလဲ
1။ vsim volt ကို ​ကျော်​ထည့်​​ပေးကြည့်​ပါ။
2။မရက pmu reball or replace လုပ်​ကြည့်​ပါ။ ကျန်​လမ်း
ကြောင်းများ srst,sclk,sio လမ်း​ကြောင်းများသည်​ pmu 6323,cpu 6582 တို့နှင့်​ ချိတ်​ဆက်​ထား​ပေသည်​။
ဆင်းကဒ်​ပင်​တွင်​ ရှိ​နေရမည့်​ ခုခံမှု၊ cpu ​ကောင်း​နေလျှင်​ ​တွေ့ရမည့်​ pmu ​အောက်​မှ ခုခံမှု ​လေးများကို တိုင်းထား​ပေးပါသည်​။အဆက်​အသွယ်​ရှိရမည့်​ component​လေးများကိုလဲ ပြ​ပေးထားပါသည်​။ယခု ပုံမှာ huawei 730 u00 ရဲ့ sim 1
ဖြစ်​ပါသည်​။
Sim card အထိုင်​တွင်​ ​တွေ့ရမည့်​ resistant တန်​ဘိုးများတိုင်းပါ။မရှိလျှင်​ အဆက်​အသွယ်​ ရှိရမည့်​ component ​လေးများနှင့်​ အဆက်​အသွယ်​ ရှိမရှိ တိုင်းပါ။အဆက်​အသွယ်​ မရှိ​နေလျှင်​ ဆက်​​ပေးပါ။ အဆက်​အသွယ်​ ရှိ​နေပြီး ​ပျောက်​​နေ​သေးလျှင်​ pmu 6323 လဲပါ။
6323 ​အောက်​ရှိ ​ကာလာ ​လေး​ထောင့်​ကွက်​ ၃လိုင်း
SIM SRST
SIM SCLK
SIM SIO လမ်း​ကြောင်းများတွင်​ တန်​ဘိုးများကွာခြင်း၊​ပျောက်​ခြင်းများ ဖြစ်​​ပေါ်ခဲ့ပါက CPU 6582 reball or replace ပြုလုပ်​ရမည်​ ဖြစ်​သည်​။
ကဲကဲNO SIM ERROR များမှ ကင်းလွတ်​ကြပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျ။

#credit ကိုမျိုး
ကံ့​ကော်​ SERVICE & ONJOB TRAINING

MTK ​တွေရဲ့ 6pim sim ​လေးနဲ့ No sim error ​လေး​တွေ လိုက်​ကြည့်​ရ​အောင်​ဗျာ။ MTK ​တွေရဲ့ 6pim sim ​လေးနဲ့ No sim error ​လေး​တွေ လိုက်​ကြည့်​ရ​အောင်​ဗျာ။ Reviewed by Unknown on 12:54 PM Rating: 5

No comments:

ADS

Powered by Blogger.