ADS

ADS

Xiaomi Google Application (Gapp) Error ကင်းအောင်သွင်းနည်း

ဒီနေ့အတွက် Xiaomi ထုတ်ဖုန်းတွေအတွက် Google Application (Gapp) တွေကို error ကင်းကင်းသုံးနိုင်ဖို့အတွက် တင်နည်း (No Root) လေးကို ပြောပြမယ်လို့ရည်ရွယ်ထားပါတယ် ....
လွယ်ကူထိရောက်လှပြီး ရိုးရှင်းလှတဲ့ နည်းဟောင်းလေးပါ...
အဲ့ဒါကတော့ google installer ကနေတင်တဲ့နည်းလေးဖြစ်ပါတယ်။ ကျနော် google installer 2.0 (eng) Version လေးရဲ့ Link ကို ပေးထားပါတယ်
https://www.mediafire.com/download/oilbwbtfuzrr767
https://yadi.sk/d/B5q80_643N7hSy
အပေါ်က လင့် နှစ်ခုထဲက တခုဒေါင်းပြီး ဖုန်းထဲမှာ Install လုပ်လိုက်ပါပြီးရင် အဲ့ဒီ apk လေး ဖွင့်လိုက်တယ်ဆိုရင် ပထမဆုံးပုံအတိုင်းလေးပေါ်လာပါလိမ့်မယ် ပြီးရင် Internet လေးကိုဖွင့်ပြီး install လေးကို နှိပ်လိုက်ရုံပါပဲ လိုတဲ့ ဖိုင်တွေကို တခုခြင်း Download ပေးပါလိမ့်မယ် တခုပြီးတာနဲ့ ဖုန်းထဲကို install လုပ်ပေးရပါတယ်...
အဲ့လို Install မလုပ်ပေးရင် နောက်တခုကိုဆက်ဆွဲမှာမဟုတ်တော့ပါဘူး အားလုံးအဆင့်ဆင့် Install လုပ်ပြီးသွားရင်တော့ Google app တွေ သုံးဖို့ အခြေခံဖိုင်တွေ အသင့်ဖြစ်နေပါပြီ ဒါဆို Google အကောင့်ဝင်လိုက်ပါ အဆင်ပြေတာတွေ့ရပါလိမ့်မယ် .... ဒီအထိကတော့ ဘာမှ ပညာမပါသေးပါဘူး error တွေတက်လာနိုင်ပါတယ်ဆိုတာထက် တက်ကို တက်မယ်လို့ ပြောလို့ရပါတယ် ဘာလို့လည်းဆိုတော့ Google app တွေ Run ဖို့အတွက် အဓိကဖိုင်တဖိုင်ဖြစ်တဲ့ google play service ဆိုတဲ့ service file update မဖြစ်သေးလို့ပါ တခါတလေ GMS ဖိုင်လို့လဲ ခေါ်ကြပါတယ်.... အဲ့ google play service.apk ဖိုင်တွေအများကြီးရှိပါတယ် Version တခုမှာပဲ xyz ဆိုပြီး ဂဏန်းသုံးလုံးနဲ့လာတော့ ကိုယ့်ဖုန်းရဲ့ CPU ကိုယ်သုံးထားတဲ့ Android Version အပြင် Dpi ကို ကိန်းဂဏန်းနဲ့ပြပြီး ရှာထည့်နိုင်မှာသာ error ကင်းမှာပါ...
ပုံမှန်အတိုင်းဆို gmail.apk လေးထည့်ပြီး run လိုက်ရင် google play service update လိုတယ်လို့ ပြောလာလို့ Update လုပ်လိုက်ရင် Playstore ထဲကနေ update လုပ်ပေးလိုက်ပြီး reboot လုပ်လိုက်ရင် အဆင်ပြေ error ကင်းနိုင်ပေမယ့် MIUI China Dev Rom တွေမှာက Mi Store က ဦးစားပေးနေရာယူထားလေတော့ update ဆိုတာနဲ့ Mi Store နဲ့ ချိတ်ချိတ်သွားပြီး Update လုပ်မရတဲ့ ပြဿနာကရှိနေလေတော့ အခုနည်းလေးကို ပြောရတာပါ.... ဒါကလည်းမခက်ခဲပါဘူး အဆင့်နည်းနည်းတိုးလာတာပဲရှိသွားတာပါ...
ကဲ ဘယ်လိုလုပ်ရမလဲဆိုတာ စကြည့်ကြတာပေါ့...
ပထမဆုံးအနေနဲ့ Browser တခုခုကနေ https://play.google.com/apps/testing/com.google.android.gms ဒီလင့်လေးထဲဝင်လိုက်ရင် ဒုတိယပုံအတိုင်း Google ရဲ့ gmail or phone ဆိုတာ လေးတောင်းလာလိမ့်မယ် ကိုယ့်ရဲ့ gmail ဖြစ်ဖြစ် phone နံပါတ် ဖြစ်ဖြစ် ထည့်ပြီး Next နှိပ်လိုက်ရင် တတိယပုံထဲကလို Password တောင်းလာလိမ့်မယ် ထည့်ပေးပြီး Next နှိပ်လိုက်ပါ ဒါဆို စတုတ္ထပုံလေးအတိုင်း Page လေးထဲရောက်သွားပါပြီ..... အဲ့ထဲက Download the Google Play servace app on Google Play ဆိုတဲ့ အပြာရောင် လင့်လေး နှိပ်လိုက်တယ်ဆိုရင်ပဲ Google Playstore ထဲက google play service app လေးထဲရောက်သွားပြီး Update လုပ်မလား uninstall လုပ်မလား မေးလာပါလိမ့်မယ် အဲ့မှာ Update သာလုပ်လိုက်ပါ ဖိုင်ကနည်းနည်းကြီးတော့ ကြာတော့ကြာပါလိမ့်မယ် အဲ့ဒါပြီးရင် reboot လုပ်လိုက်ရင် ဆိုရင်ပဲ Error ကင်းတဲ့ Google App တွေသုံးလို့ရသွားပါလိမ့်မယ်..... Play Store ကို သုံးခိုင်းတာဟာ google က ကိုယ့်ဖုန်းနဲ့ ကိုက်ညီလောက်တဲ့ Version ကို သူ့ဘာသာရွေးပြီး Update လုပ်ပေးမှာမို့ အဆင်ပြေပြေသုံးလို့ရအောင်လို့ပါ...... ဒီလောက်ဆို Google Gapp တွေအတွက် အဆင်ပြေလောက်ပြီ ထင်ပါတယ်... တကယ်လို့ MIUI update ပေးလို့ update လုပ်ပြီးရင် gapp ပြန်ထည့်ရင် အစအဆုံးပြန်လုပ်ရတဲ့ဘေးက ကင်းဝေးရအောင် ဘယ်လို backup လုပ်ရမယ် ဘယ်လိုဖိုင်တွေ သိမ်းထားရမယ်ဆိုတာတွေကိုတော့ ကျနော် နောက်တပိုင်းအနေနဲ့ ရေးတင်ပေးပါ့မယ်....
Android ဖုန်းသုံးတဲ့သူတိုင်း Google app error ကင်းကင်း သုံးနိုင်ကြပါစေ.....






Xiaomi Google Application (Gapp) Error ကင်းအောင်သွင်းနည်း Xiaomi Google Application (Gapp) Error ကင်းအောင်သွင်းနည်း Reviewed by Unknown on 10:36 PM Rating: 5

No comments:

ADS

Powered by Blogger.