ADS

ADS

မိမိ ကွန်ပြူတာ Hard disc တွေကို သူများ ဖွင့်ကြည့်လို့မရအောင် lock ခတ်ကြမယ်

မိမိ ကွန်ပြူ တာတွေမှာ သူများမသိစေချင် မမြင်စေချင် မပေးတွေ့စေချင်တဲ့ data တွေ အရေးကြီးတဲ့အချက်အလက်တွေကို protect လုပ်ချင်တာပဲဖြစ်ဖြစ် အနည်းနဲ့အများ ရှိချင်ရှိနေကြပါလိမ့်မယ်
အဲ့ဒီအခါကျ မိမိ data သိမ်းထားတဲ့ discတွေကို သော့ခတ်ထားခြင်းဖြင့် အနည်းနဲ့အများ protectလုပ်နိုင်ပါတယ်
မသိသေးတဲ့သူတွေအတွက် အောက်မှာ တစ်ပုံချင်းစီ စာနဲ့အတူ ရှင်းပြထားပါတယ်..
Pc or Library ကိုဖွင့်ပါ။
မိမိ သော့ခတ်ချင်တဲ့ disc ကိုရွေးပါ။
#Op ကတော့ disc D ကိုခတ်ချင်လို့ disc D ကိုရွေးလိုက်ပါတယ်။
မိမိသော့ခတ်ချင်သည့် Disc ကို Right click ပေးလိုက်ပါ။ ပီးရင် Turn on BitLocker ကို ရွေး click ပါ။
ဒီလိုမျိုးပေါ်လာပါလိမ့်မယ်။ Use a password to unlock the drive box ကို အမှန်ခြစ်ပေးလိုက်ပါ။ မိမိခံချင်သည့် password ရိုက်ထည့်ပါ။
ဒါကတော့ မိမိ သော့ခတ်ထားတဲ့ ကုတ်နံပတ်(password) မေ့သွားလို့ပဲဖြစ်ဖြစ် ပြသနာတစ်ခုခုကြောင့် ဝင်လို့မရရင်ပဲဖြစ်ဖြစ် recover လုပ်ပေးမယ့် recovery key ပါ။
Recovery Key ကို external hard disc မှာလည်း သိမ်းထားလို့ရပါတယ်။
ပိုပြီး safe ဖြစ်ချင်ရင် နှစ်နေရာသိမ်းထားနိုင်ပါတယ်။
ဒီမှာ op ကတော့ Save to file ကိုရွေးလိုက်ပါတယ်။
File name မှာ မိမိသိမ်းထားချင်သည့်နေရာကို ရွေးလို့ရပါတယ်။ သို့မဟုတ်ရင် သူauto ရွေးထားပေးတာကိုပဲ ယူချင်လည်းရပါတယ်။
Op ကတော့ auto ပေါ်လာတာကိုပဲ save လုပ် ပေးလိုက်ပါတယ်။
Computer ကို လုံခြုံစွာအသုံးပြုနိုင်ကြပါစေ....
ပီးရင် ပေါ်လာသမျှကို Next နှိပ်သွားလိုက်ပါ။
Next နှိပ်သွားလိုက်ပါ။ ဘာလို့ဆို မိမိ os နဲ့ကိုက်ညီမယ်ထင်တဲ့ဟာကို computer က auto ရွေးချယ်ပေးပီးသားမို့ပါ။ နို့မို့ဆို ကို့ဘာကိုရွေးချယ်ချင်လည်း ရပါတယ်။
Start encrypting ကို နှိပ်ပါ။
တစ်ချက်စောင့်ပေးလိုက်ပါ။
ဒီလိုမျိုး complete ပေါ်လာရင် close ကိုနှိပ်ပေးလိုက်ပါ။ ရပါပြီ။
သော့ပြန်ဖြုတ်ချင်ရင် မိမိသော့ခတ်ထားတဲ့ disc ကို right click ပေးပါ။ manage BitLocker ကိုနှိပ်ပါ။
Turn off BitLocker ကို နှိပ်ပါ။
ရပါပြီ။
ကွန်ပြူတာကို လုံခြုံစွာအသုံးပြုနိုင်ကြပါစေ....။
#Aié_Sorń(Pioneer)













မိမိ ကွန်ပြူတာ Hard disc တွေကို သူများ ဖွင့်ကြည့်လို့မရအောင် lock ခတ်ကြမယ် မိမိ ကွန်ပြူတာ Hard disc တွေကို သူများ ဖွင့်ကြည့်လို့မရအောင် lock ခတ်ကြမယ် Reviewed by Unknown on 10:07 PM Rating: 5

No comments:

ADS

Powered by Blogger.